Blog Entryဒီလူ...အလွမ်းMay 26, '08 12:23 AM
for everyone
သာယာတဲ့တေးကိုသီ
ကာရန်တွေမညီပေမယ့်
ငြိမ့်ညောင်းစွာ ဟစ်ကာဆို
ရွေဥသြ၇ဲ့တေးသံကိုမှ
လွမ်းနမိတ်ရဲ့ ငှက်ဆိုးသံလို့
အသဲကွဲသမားတို့ ပြစ်တင်ဝေဖန်ကြသတဲ့....

လမ်းပါစေရွင်ပါစေ

စေတနာရောင်ခြည်သန်း
နေမင်း၇ဲ့ အနမ်းကိုမှ
ပန်တို့က ငိုကာကြွေး
မျက်စောင်းတွေပေးက်ြသးသတဲ့

အဖြူရောင် နှလုံးသားနဲ့

ရိုးအစွာဖွင့်ဟထားတဲ့
ခြောက်ကပ်ကပ်ရင်ခွင်ကိုမှ
တစပြင်လို့သူဆို
အဆိပ်ရေ ပက်ဖြန်းဥပဒေ ပြဌာန်းလိုက်ပုံက
အမည်းရောင်နယ်မြေတဲ့....

နာနေတဲ့နှလုံးသားကိုမှ

မညှာတာမထောက်ထား
မကြာမကြာ ထိုးစစ်ဆင်နေရော့သလား
ဒီ….အလွမ်းရယ်............

ခါးသီးနေ့ရက်တွေဟာ

အတိတ်မှာကျန်ခဲ့တယ်ဆိုပေမယ့်
ဒဏ်ရာရ နှလုံးသားနဲ့ငါ
ခုထိရှင်သန်နေတုံးပါချစ်သူ


………….. ဒီလူ.......အလွမ်း


ရေး--ဇိုင်းသူရ



 


Comment deleted at the request of the author.
Add a Comment
   
© 2008 Multiply, Inc.    About · Blog · Terms · Privacy · Corp Info · Contact Us · Help